Saturday, May 5, 2012

လွမ်းဖွဲ့နွေဦး



နွေဂိမာန်ဦး.. လေပွေမြူးလို့
ဥသြသံချို.. အလွမ်းပိုအောင်
တေးသီဖွဲ့ဝေ.ရော်ရွက်ကြွေတို့
ဝဲလွင့်ပတ်လည်..ဒီရာသီ…………………..။

တပေါင်းတန်ခူး… ရာသီထူးမှာ
ချစ်သူကြင်သူ..ဖော်ဝေးသူတို့
လှုပ်ခတ်စိတ်ယိုင်…ခြေမခိုင်အောင်
ဆွဲဆောင်လေသည်…ဒီရာသီ…………..။

လေပြေဆော့ပြေး… ခဏလေးမှာ
ဝါရွက်သစ်ကြွေ..ပင်ယံဝေမှ
ခွဲခွာလွင့်မျော….ရင်တွေမောလို့
ကျန်ရစ်ရသည်… ဒီရာသီ……………။

တပေါင်းနွေကူး…ချစ်ရည်လူးသည့်
ဖော်စုံကြင်နှံ..ချစ်ခင်ပြန်လဲ
ရာသီအဝေး..ဖော်စုံဆွေးလို
လွမ်းစိတ်ဖြစ်တည်… ဒီရာသီ……………..။

ဒီရာသီနွေ… လေပွေတွေနဲ့
ညှိုးရော်ခြောက်သွေ့..ပင်အိုတွေ့ပြီး
မှိုင်းလို့ရော်ရီ…မြင်ကွင်းဆီကို
ငေးကာလွမ်းသည်… ဒီရာသီ…………………..။
လွမ်းဖွဲ့နွေဦး....မျှော်ခဲ့ဖူးသည်
ဝဿန်ကြွေဆောင်း..ရာသီပြောင်းလို့
ဘာဝပန်းချီ..ဆေးမမီဘဲ
တင့်ဆန်းလှသည်.......ဒီရာသီ..................။

 (အိစံ)

No comments:

Post a Comment