Wednesday, May 2, 2012

ဘယ်တော့မှ မဖြစ်စေရပါ


ဖတ်ကြည့် ကြပါဦး-----
ဗီယက်နမ်တွင် ဇနီးတစ်ဦး USD 6000 ဖြင့်ဝယ်ယူနိုင် ဗီယက်နမ် သတင်းစာမှာ ပါတဲ့သတင်းလေးပါ ။

ဗီယက်နမ်တွင် ဇနီးတစ်ဦး USD 6000 ဖြင့်ဝယ်ယူနိုင်

ဗီယက်နမ် သတင်းစာမှာ ပါတဲ့သတင်းလေးပါ ။

ဗီယက်နမ်မှ ဇနီးတစ်ဦးအား အမေရိကန်ဒေါ်လာ ၆၀၀၀ ကျပ်ဖြင့်ဝယ်ယူနိုင်

၁ ။ အပျိုစင်ဖြစ်ကြောင်း အာမခံသည်။

၂ ။ ရက် ၉၀ အတွင်း လာရောက် ပို့ဆောင်မည်ဖြစ်ကြောင်းအာမခံသည် ။

၃ ။ အပိုထပ်ဆောင်းကြေး ၊ အပိုကုန်ကျငွေမရှိပါ ။

၎ ။ တစ်နှစ်အတွင်း သင့်ထံမှ ထွက်ပြေးလျှင် နောက်တစ်ယောက်ကို ပိုက်ဆံမပေးရပဲ Free ရမည်။

ကဲ ကောင်းကြသေးရဲ့လား လုပ်ပုံက အမျိုးသမီးတွေကို ငွေနဲ့တန်ဖိုးဖြတ်နေကြတယ် ။
မဖြစ်သင့်တဲ့ကိစ္စကြီးကို သတင်းစာမှာ ပေါ်တင်ကြီးတောင်ကြေငြာလိုက်သေး ဓါတ်ပုံတွေဘာတွေနဲ့ ။

မှတ်ချက် ။ ။ စိတ်ဝင်တစား ၀ယ်ချင်သူတွေကတော့ ဗီယက်နမ်ကို ကြွကြပါကုန် ။

သက်တန့်ချို

From : Almost Hit A Billion

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Posted by သက်တန့်ချို at 10:37 AM
------------------------------------------------------------------------------------------------------------------------------------------------
ဒီစာ ကိုဖတ်ပြီး ကျမရင်ထဲမှာမကောင်းလိုက်တာ--
မိန်းကလေးတွေဟာ ရောင်းကုန်ပစ္စည်းတွေလား--
ကာယကံရှင် ကို က ကျေနပ်လို့ ကြည်ကြည်ဖြူဖြူ အေ၇ာင်းခံနေတာ ဘာလို့ မဆီမဆိုင် ကြားက ၀င်ပြီးစိတ်မကောင်းဖြစ်နေတာလဲလို့  ပြော လည်း ခံရမှာပါပဲ--
ကြည့်ပါဦး--ငယ်ငယ်ရွယ်ရွယ် ချောချောလှလှ လေးတွေ --
ဘာလို့များဒီလိုအရောင်းခံရတာလဲ။
လာဝယ်တဲ့သူတွေကရော --မေတ္တာမပါ တဲ့ တခဏတာ စိတ်ဖျော်ဖြ မှု အတွက် ပဲလာကြမှာပေါ့ -
သူတို့ဘ၀လေးတွေေ၇ှ့ဆက်ပြီးဘယ်လိုဖြစ်ကြမှာပါလိမ့် -
လူငယ်ဆိုတာ အနာဂါတ်ရဲ့ ခေါင်းဆောင်ဆို--
လူငယ်ဆိုတာ ယောက်ျားလေး တွေကိုချည်းပြောတာမှမဟုတ်တာ--မိန်းကလေးတွေလဲ ပါတာပဲ။
မိန်းကလေး တွေ လဲကြိုးစားလို့၇တာပဲ- ဟိုးကမ္ဘာဦးကျောက်ခေတ်ကလို အခြေအနေ မျိုးမှမဟုတ်တော့တာ-
ခုဆို ကမ္ဘာပေါ်မှာ မိန်းမ အုပ်ချုပ်တဲ့နိုင်ငံတွေတောင်ရှိနေပြီပဲ--
ဒီလို ခေတ်ကြီးမှာမှ ဘာလို့ခေတ်နောက်ပြန်ဆွဲ ပြီး ကိုယ့်ဘ၀ကိုရောင်းစားနေကြတာပါလိမ့်-
လက်ရှိဗီယက်နမ် ဆိုတာ ဖွံ့ ဖြိုးနေတဲ့နိုင်ငံ တခုဖြစ်ပြီး စီးပွားရေးအရှိန်အဟုန်လဲတိုးတက်နေတယ်။
ကျမ အသိ ဂျပန်တွေ ပြောပြတာ --သူတို့ ဗီယက်နမ် အမြဲသွားကြတယ်တဲ့ --
ဗီယက်နမ် မှာ ကောင်မလေးတွေ ချောလဲချောတယ်တဲ့ -ပျော်စရာလည်းပေါတယ်တဲ့--
ခုဆို ဗီယက်နမ်မှာ ရင်းနှီးမြုပ်နှံနေတဲ့  ဂျပန်လုပ်ငန်းတွေ တိုးလာပါတယ်။
ဗီယက်နမ် က ကိုယ့်နိုင်ငံက မိန်းမပျိုတွေကို အသုံးချပြီး ဧည့်သည်တွေကိုပျော်အောင်ထား စီးပွားရှာနေကြတာပဲ-
ခုတော့သူတို့က မြန်မာပြည်ကိုလဲစိတ်ဝင်စားနေကြတာ-
မြန်မာပြည်က ခုကစပြီးပြောင်းလဲတိုးတက်တော့ မှာတဲ့ --
သူတို့ အလုပ်တွေကို မြန်မာပြည်မှာ အခြေချဖို့ စဉ်းစားနေကြတဲ့ ဂျပန်လုပ်ငန်းရှင်တွေ အများကြီးပါ။
ဒီလိုတွေကြားရတာ ၀မ်းသာ မိပေမယ့် ကျမစဉ်းစားမိတာက ကျမတို့မြန်မာမိန်းကလေးတွေရဲ့ဘ၀ေ၇ှ့ရေးပါ။
လက်ရှိ ဗီယက်နမ်က မိန်းကလေးတွေရဲ့ ဘ၀မျိုး မြန်မာမလေးတွေ ဘယ်တော့မှမဖြစ်စေချင်ပါ။
ကိုယ့်ခန္ဓာကိုယ်၊ ကိုယ့်ဘ၀ ကို ကိုယ်ပိုင်တဲ့ အားမာန်ရှိတဲ့  မိန်းကလေးတွေပဲဖြစ်စေချင်ပါတယ်။
လူ့ လောက သဘာဝ မိန်းမနဲ့ ယောင်္ကျား မေတ္တာမျှ ချစ်ကြိုက်ကြလို့  အိမ်ထောင်ပြုတာမျိုးပဲ ဖြစ်စေချင်ပါတယ်။
ငွေကြေးအတွက် ကိုယ့် ကိုယ် ကို ရောင်းစားတဲ့ မိန်းကလေးတွေ မဖြစ်စေရဘူး။ မဖြစ်အောင် ကိုယ့်ကိုယ်ကို ရပ်တည်နိုင်တဲ့ ခွန်အားသတ္တိတွေ၊ အရည်အချင်းတွေရှိစေချင်တယ်။
ရှိလာအောင်လဲကြိုးစားစေချင်ပါတယ်။
အူမတောင့်မှ သီလစောင့်တယ်--ဆိုတဲ့စကားပုံလိုပေါ့ -
ကိုယ့်မှာ ကိုယ်ပိုင်အလုပ်နဲ့  စားဝတ်နေရေးအတွက် ရပ်တည်နိင်ပြီ်ရင်တော့ မကောင်းမှန်းသိ၇ဲ့ နဲ့  စားဝတ်နေရေးအတွက်ဆိုပြီးကိုယ့်ဘ၀ ကို ရောင်းစားဖို့ မလိုတော့ဘူးပေါ့ ။
မြန်မာပြည်မှာ မိန်းကလေးနဲ့ ယောင်္ကျားလေး အလုပ်ခွင်မှာလဲ တန်းတူအခွင့်အရေးရှိကြတာများပါတယ်။
ကျမတို့ ကုမ္မဏီရဲ့ စက်ရုံနဲ့ ရုံးချုပ်မှာဆိုရင်လဲ ရာထူးကြီးနေရာ တွေမှာ မိန်းကလေးတွေချည်းပါပဲ။
ဒါပေမယ့် ကြိုးစားဖို့တော့လိုတာပေါ့ နော်--ဘယ်အရာမှ အလကားမရပါဘူး။
ခုချိန်ထိ မြန်မာပြည်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေရှားပါးနေသေးပေမယ့်  မျှော်လင့်ချက် ရောင်ချည်တွေသန်းနေပါပြီ။
မြန်မာပြည်မှာ နှီးမြုပ်နှံ ကြမယ့်  နိုင်ငံကြီးတွေ လာကြတော့မယ်။ကုမ္မဏီတွေ စက်ရုံတွေ တိုးလာတော့မယ်။
ဒီလို အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါလာရင် အများနဲ့ ယှဉ်ပြီး အလုပ်ပြိုင်လျှောက်ဖို့ကိုယ့်မှာ ဘာအရည်အချင်းတွေရှိပြီလဲ-
အဓိက လိုအပ်တာကတော့ ဘာသာစကား၊ ကွန်ပြူတာ၊အင်တာနက် ၊စာရင်းကိုင်ပညာတွေပါ။
ဘယ်အလုပ်ပဲဖြစ်ဖြစ် ဒါတွေကို တော့အခြေခံတတ်ထားမှ နိုင်ငံခြားသားတွေနဲ့ တွဲပြီးအလုပ်လုပ်လို့ရမှာလေ--
ဒီလို အသုံးဝင်အကျိုးရှိမယ့်သင်တန်းတွေတက်ကြပါ။
အချိန်ကို အလကားမဖြစ်ပါစေနဲ့ ။ ငယ်ရွယ်နုပျိုချိန် ဟာ လေ့လာသင်ယူလို့အကောင်းဆုံးပါ။
ဒီလိုသင်တန်းတွေတက်ရတာက အလှပြင်ပြီး ရှော့ပင်ထွက်ရတာ၊ စပွန်ဆာရှာပြီး ဇိမ်နဲ့နေရတာလိုတော့ မသက်သာဘူးပေါ့ကွယ်။ လေဆန်ခရီးကတော့ ကြမ်းတမ်းတာလဲရှိမှာပေါ့ ။
ဒါပေမယ့် ကြိုးစားကြပါ။ လေးစား မှုကို ရယူလိုက်စမ်းပါ။
နောင် မြန်မာပြည်ကြီး မှာ နိုင်ငံခြားသားတွေ လာရင် စက်၇ုံအလုပ်ရုံတွေမှာ မြန်မာမလေးတွေဟာ ငါတို့နဲ့ အတူ ရင်ဘောင်တန်းပြီး ပညာပြည့်ဝစွာ လုပ်နိုင်ပါလား--ဆိုတဲ့ စကားပဲကြားချင်ပါတယ်။
နိုက်ကလပ်တွေမှာ မြန်မာမလေးတွေ ချောတယ်၊ပေါတယ် ဆိုတဲ့စကားမျိုး ဘယ်တော့မှမကြားချင်ပါ။
ဘယ်တော့မှ မကြားရအောင် နီးစပ်ရာ ကိုယ့်ညီမလေးတွေ ကိုယ့်သူငယ်ချင်းမိတ်ဆွေ၊ နီးစပ်ရာ ပတ်ဝန်းကျင် က မိန်းကလေးတွေ အသိတရားရလာအောင် ပြောပြကြပါလို့ တောင်းဆိုချင်ပါတယ်။
မြန်မာပြည်မှာပွင့်တဲ့ပန်းတိုင်း တင့်တယ် လန်းဆန်းနိုင်ပါစေ။
မေတ္တာမွန်ဖြင့် 
သန္တာအောင်

No comments:

Post a Comment